ကိုတော်မြတ်(ဆွ)မက္ကဟ်ရွှေမြို့တော်မှ မဒီနာရွှေမြို့တော်သို့ပြောင်းရွှေ့ပြီးနောက် ဟဂ်ျရီ(၂)ခုနှစ် ခရစ်သက္ကရာဇ်(၆၂၆)တွင် ရိုဇာဥပုဒ်ဖွရ်သ်ွအဖြစ်သတ်မှတ်ခြင်းခံရလေသည်၊
ကိုယ်တော်မြတ်(ဆွ)အပေါ် ရမ္မသွာန်လမြတ်၏ရိုဇာ ဖွရ်သ်ွမဖြစ်ခင်အလျှင် ကိုယ်တော်မြတ်(ဆွ)သည် အာရှုရာ၏
ရိုဇာကိုစောင့်ထိမ်းတော်မူခဲ့သည်၊ဖွရ်သ်ွဖြစ်ပေသည်၊၊ရမ္မသွာန်လမြတ်၏ ရိုဇာကို ဖွရ်သ်ွအဖြစ်သတ်မှတ်ပေးခြင်းခံရပေးပြီးနောက်
အာရှုရာ၏ ရိုဇာသည် ဖွရ်သ်ွအဖြစ်မကျန်ရှိတော့ပေ၊၊
ဆောင်မ်၏ အဗိဓာန်အရ အဓိပ္ပာယ်မှာ ချုပ်တည်းတားဆီးခြင်းဖြစ်ပါသည် ရှရီအသ်၏ ဝေါဟာရအသုံးအနှုံးတွင်
ဆောင်မ်ဆိုသည်မှာ ရိုဇာ၏နီယသ်နှင့်တကွ နံနက်အာယုံတက်ချိန်မှစ၍ ညနေနေ၀င်ချိန်အထိ ရိုဇာပျက်စေသောအချက်သုံးချက်ဖြစ်တဲ့ စားခြင်း၊သောက်ခြင်း၊မှီထုံမှီဝဲခြင်းများမှ ရှောင်ကျဉ်ခြင်းကိုခေါ်ဆိုပါသည်၊
No comments:
Post a Comment