ဟဒီးဆ်ဆေ့ကုဒ်စီတစ်ခုတွင် ကိုယ်တော်မြတ်(ဆွ)အမိန့်ရှိသည်မှာ ဧကံမုချ အသင်တို့အားမွေးမြူဖန်ဆင်းတော်
မူသောအသျှင်က အမိန့်ရှိလေသည်၊ကောင်းမြတ်သော လုပ်ရပ်များ၏အစားသည် (၁၀)ဆမှ အဆပေါင်း(၇၀၀)ထိအောင်
ချီးမြင့်ခြင်းခံရမည် ၎င်းနောက် ရိုဇာဥပုဒ်သီလစောင့်ထိမ်းခြင်းသည် ငါအလ္လာဟ်အသျှင်မြတ်အတွက်ဖြစ်ပြီး ၎င်းနောက် ၎င်းရိုဇာဥပုဒ်စောင့်ထိမ်းခြင်း၏ ဆ၀ါးဗ်ကို ငါအလ္လာဟ်အသျှင်မြတ်ကိုယ်တော်တိုင် ချီးမြှင့်တော်မူမည်၊၊(သရ်မေဇီကျမ်း)
အထက်ဖော်ပြပါ ဟဒီးဆ်တော်တွင် ရိုဇာ၏ ဆ၀ါးဗ်ကို အလ္လာဟ်အသျှင်မြတ်ကိုယ်တော်တိုင် ချီးမြှင့်တော်မူမည်ဟု
အဘယ့်ကြောင့် အမိန့်ရှိထားပါသနည်း??အမှန်စင်စစ်မှာမူ ကောင်းမှုကုသိုလ်များ၏ အစားကို အလ္လာဟ်အသျှင်မြတ်သာလျှင်
ချီးမြှင့်တော်မူပါသည် ဒါကြောင့် အလိုသဘောဘာလည်းဆိုတာကို ကျွန်တော့်အနေနှင့် ရှင်းလင်းတင်ပြသွားပါမည်၊၊နောက်ပြီး
ရိုဇာဥပုဒ်ကို သီးခြား အဘယ့်ကြောင့် ဖော်ပြထားပါသလဲ??၎င်းရိုဇာဥပုဒ်တွင် မည်သည့် ထူးခြားချက်များ ပါရှိနေပါသလည်းဆိုတာကိုပါ တဆက်တည်း ရေသားသွားပါမည်၊၊ အင်န်ယှာအလ္လာဟ်
အလ္လာဟ်အသျှင်မြတ်ကိုတော်တိုင် ရိုဇာဥပုဒ်၏ဆ၀ါးဗ်ကို အစားပေးမည်ဆိုသည့် အလိုသဘောမှာ ၎င်းရိုဇာဥပုဒ်၏
အကျိုးကုသိုလ်၏ အတိုင်းအတာကို ပြီးနောက် ဆထက်တန်ဖိုးတိုးပြီး ချီးမြှင့်မည့် အကျိုးကုသိုလ်၏ အခန့်အမှန်းအတိုင်းအတာကို ငါအလ္လာဟ်အသျှင်မြတ်သာလျှင်သိရှိတော်မူသည် အခြားအေဗာဒသ်များ၏ ဆ၀ါးဗ်ကုသိုလ် မည်မျှရရှိမည်ကိုမူ အလ္လာဟ်အသျှင်မြတ်၏ အချို့သော ဗန္ဒာဟ်များကို သိရှိပါသည် ဆိုကြပါဆို ရိုဇာဥပုဒ်၏ အစားပေးခြင်းသည်လည်း အလ္လာဟ်အသျှင်မြတ်သာလျှင် ချီးမြှင့်တော်မူမည်၊၊
ရိုဇာ၏ ထူးခြားချက်
{၁}ရိုဇာဥပုဒ်တွင် ပြစားမှုတစ်စုံတစ်ရာ မပါဝင်ပါ အခြားအေဗာဒသ်များတွင် အပေါ်ယံ ခန္ဓာကိုယ်မှ လုပ်ဆောင်ရသည့်အတွက်ကြောင့် ပြစားမှု ဖြစ်သွားမှာကို စိုးရိမ်ရပါသည်၊အခြားအေဗာဒသ်များတွင် ၎င်းတို့၏ ပုံစံသရုပ်ကို
မြင်ရုံဖြင့် ဥပမာ...နမာဇ်ဝတ်ပြုနေသည် အလှုအတန်းလုပ်နေသည်ကို သိရှိရပေသည် ထို့ကြောင့် အများအမြင်မှာ သူတော်စင်ဟု ထင်မြင်ယူစခံရရန် အင်မတန်မှ ရက်ရော သဒ္ဓါတရားပွားများသူဟု မှတ်ယူခံရရန် စသည်ဖြင့် အတွေးအခေါ်များဝင်လာရန် စိုးရိမ်ဖွယ်ရာရှိသည်၊ရိုဇာမှာမူ သူ့၏ ပုံစံသရုပ် မရှိသည့်အတွက် အပေါ်ယံကြည့်ရုံဖြင့် ရိုဇာစောင့်ထိမ်းသူဟု မသိနိုင်ပါ အဘယ်ကြေင့်ဆိုသော် ရိုဇာသည် ခန္ဓာကိုယ်၏ အပြင်ပိုင်း အဆစ်အလက်များဖြင့် ပြုလုပ်ရသော
အရာမဟုတ်ပါ ဒါပေမယ့် ရိုဇာထားသူကိုယ်တိုင်က ကြွားဝါလိုလျှင်တော့ တစ်ကြောင်းပေါ့။ရှရီအသ်၏ သတ်မှတ်ချက်မှာကတော့
ကြွားဝါရန်လုပ်ရပ်မျိုး မပါရှိပါ၊၊
{၂}ရိုဇာဥပုဒ်သည် အလ္လာဟ်အသျှင်မြတ်ထံတော်တွင် အေဗာဒသ်များအနက် အနှစ်သက်ဆုံးသော အေဗာဒသ်ဖြစ်သည်
အခြားအေဗာဒ်များထက် ဦးစားပေးခြင်းလည်းခံရသည့် အေဗာဒသ်ဖြစ်သည်၊၊
{၃}မစားမသောက်ပဲနေခြင်း စိတ်၏လိုအင်ဆန္ဒဖြစ်တဲ့ မှီထုံမှီဝဲ ပြုခြင်းတို့မှ ဂရုမမူ လစ်လျုရှုပြီးနေထိုင်ခြင်းသည်
အလ္လာဟ်အသျှင်မြတ်၏ ဆွေဖွားသ်ခေါ်အချင်းလက္ခဏာတော်များထဲမှ ဖြစ်သည် သို့ဖြစ်သောကြောင့် ဗန္ဓာလူသားတစ်ယောက်သည် ရိုဇာဥပုဒ်စောင့်ထိမ်းသည့်အခါတွင် စားခြင်းသောက်ခြင်းမှီထုံမှီဝဲခြင်းမှ ရှောင်ကျဉ်သည့်အတွက်ကြောင့် အလ္လာဟ်အသျှင်မြတ်၏ ထံတော်ပါးတွင် အထူးတလည် နီးကပ်မှုရရှိပါသည်
{၄}စားခြင်းသောက်ခြင်းမှီထုံမှီဝဲခြင်းမှ ဂရုမမူခြင်းသည် ကောင်ကင်တမန်များ၏ အချင်းလက္ခဏာတော်များထဲမှဖြစ်သည်
၎င်းဖရရှ်သာများသည် အလ္လာဟ်အသျှင်မြတ်၏ အနီးကပ်တွင်ရှိသော ပဂ္ဂိုလ်မြတ်များဖြစ်ကြပေသည် လူသားသည် ရိုဇာဥပုဒ်စောင့်ထိမ်းသည့်အခါ ဖော်ပြပါ အချက်သုံးချက်မှ ရှောင်ကျဉ်ပါသော ကောင်းကင်တမန်ကြီးများနှင့် ဆင်တူရိုးမားဖြစ်သွားပေသည် ဤအတွက်ကြောင့် အလ္လာဟ်အသျှင်မြတ်နှင့် နီးကပ်မှုမျိုး ရရှိပါသည်
{၅}ရိုဇာသည် အလ္လာဟ်ဟို့အသျှင်မြတ်အတွက်သာလျှင် စောင့်ထိမ်းခြင်းဖြစ်သည် အခြားသူများကိုးကွယ်သည့်အရာများ အဖို့ ထိုရိုဇာတွင် မည်သည့် ဝေစုမှမပါရှိပါ အလိုသဘောမှာ အလ္လာဟ်အသျှင်မြတ်မှအပ အခြားအကိုးကွယ်ခံဟု မွတ်စလင်မ်မဟုတ်သောသူများ၏ ယူဆခြင်းခံရသော ရုပ်ထုရုပ်ပွားများ ရဟန်းခံများအတွက် ရိုဇာစောင့်ထိမ်းခြင်းမျိုးမရှိပါ သီးသန့် အလ္လာဟ်အသျှင်မြတ်အတွက်သာလျှင်ဖြစ်သည်၊၊
{၆}ရိုဇာဥပုဒ်ဟာ လှို့ဝှက်သော အေဗာဒသ်တစ်ခုဖြစ်ပါတယ် အလ္လာဟ်ဟို့အသျှင်မြတ်မှလွဲ၍ အခြားမည်သူမှမသိနိုင်ပေ ကုန်ကုန်ပြောကြပါဆို့ မှတ်တမ်းမှတ်ရာရေးမှတ်သော ဖရရှ်သာကြီးနှစ်ပါးဖြစ်သော ကေရာမားန်ကာသေဘီးန် တို့ကိုပင်လျှင် လူတစ်ယောက် ရိုဇာရှိ/မရှိကိုမသိနိုင်ပေ နောက်ပြီး ၎င်းတို့၏ရေးမှတ်မှုတွင် ရိုဇာထားကြောင်း မပါရှိပေ ဒါကြောင့် ရိုဇာ၏အကျိုးဆဝါးဗ်ကို အလ္လာဟ်အသျှင်မြတ်ကိုတော်တိုင် အစားပေးမည်၊၊
{၇}ရိုဇာ၏အကျိုးဆဝါးဗ်ကို အလ္လာဟ်အသျှင်မြတ်ကိုယ်တော်တိုင်အစားပေးမည်ဆိုသည်နှင့် ပက်သတ်၍ အခြားဖြစ်နိုင်ချေတစ်ခုမှာ အခြားကောင်းမှုကုသိုလ်များ၏ အစားကို ဖရရှ်သာများမှတစ်ဆင့် ချီးမြှင့်တော်မူပြီး ရိုဇာဥပုဒ်၏အစားကိုမူ မိမိကိုယ်တော်တိုင် တစ်ဆင့်ခံမဟုတ်ပဲ ချီးမြှင့်တော်မူမည်ဟု ဟဒီးဆ်တော်၌ မိန့်ချွေထားခြင်းဖြစ်နိုင်သည်၊၊
No comments:
Post a Comment